ဂွမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဂွ နိုဝင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Doses ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စုရပ်များ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။     

ထိုသို့ထိုးနှံပေးရာတွင် နိုဝင်ဘာလ(၉)ရက်နေ့က ကိုဗစ်-၁၉ကာကွယ်ဆေး Booster Doses Myancopharm  ပထမအကြိမ်တွင်(၈)ဦးနှင့် ဒုတိယအကြိမ်(၂၂၈)ဦးတို့ကလည်းကောင်း၊ Sinovac Phase-17 ပထမအကြိမ်တွင် ( ၂)ဦးတို့ကလည်းကောင်း  နိုဝင်ဘာလ(၁၀)ရက်နေ့က ကိုဗစ် ကာကွယ်ဆေး Booster Doses Myancopharm  ပထမအကြိမ်တွင်(၁၅)ဦးနှင့် ဒုတိယ အကြိမ်(၁၉၆)ဦးတို့က လည်းကောင်း၊ Sinovac Phase-17 ပထမအကြိမ်တွင် (၄)ဦးတို့ကလည်းကောင်း သတ်မှတ်ထားသောဆေးထိုးစုရပ်များတွင် လာရောက်ထိုးနှံခဲ့ကြကြောင်းသိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊  သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိသူများအား ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး၊ ထိုးနှံပြီးသည့်သူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်