ဟုမ္မလင်း နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆို ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး ထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးက ဆေးရောင်ခြယ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု တတိယဆု၊ ဆုရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)