ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်ရေး တတိယအကြိမ် Mask Campaign လှုပ်ရှားမှုပြုလုပ်

ကလေးဝ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး တတိယအကြိမ် Mask Campaign ပြုလုပ်ခြင်းနှင့် Mask အခုရေး ၁၀၀၀ အား အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်-၁ ရပ်ကွက် မြန်မာ့ရေနံဌာနခွဲရှေ့၌ ပြုလုပ်ခဲ့သည်။         

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ကလေးဝမြို့တွင်း ဝင်/ထွက် သွားလာနေသော ပြည်သူများအား ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး အသိပညာပေးခြင်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များကို Hand Speaker နှင့်ကြေညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)