ပလောက် စက်တင်ဘာလ ၁၉
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များကို ယမန်နေ့ ည (၇)နာရီက အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုးဆော်ခဲ့သည်။
အဆိုပါ နှိုးဆော်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ကုသရေး ကော်မတီနှင့် ဟိတကာရီ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် နေထိုင်ရန်၊ တတ်နိုင်သမျှ အပြင်သွားလာခြင်းမှ ရှောင်ကြဉ်ရန် ၊ ည ၁၂ နာရီ မှ နံနက်(၄)နာရီ အထိ အပြင်သို့မထွက်ခွာရန်နှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများ ရှိလာပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပို့ အကြောင်းကြားကြရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
နှင်းမြူလွင် (ပလောက်)