ပုံပါကျင် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့သို့ နေပြည်တော်မှ ရောက်ရှိလာသူတစ်ဦးအား ယမန်နေ့ညက ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Facility Quarantine ထားရှိထားကြောင်း သိရသည်။
အဆိုပါ ရောက်ရှိလာသူသည် ၁၆-၉-၂၀၂၀ ရက်နေ့တွင် နေပြည်တော်မှ ထွက်ခွာလာခဲ့ပြီး တောင်ကြီးမြို့တွင် နှစ်ညအိပ်ရပ်နားခဲ့ကာ ၁၈ ရက်နေ့နံနက်ပိုင်းက ရှမ်းမင်းသား မော်တော်ယာဉ်ဖြင့် ပုံပါကျင်မြို့သို့ ရောက်ရှိလာခဲ့ပြီး ယမန်နေ့ည (၈)နာရီက ပုံပါကျင်မြို့သို့ ရောက်ရှိခဲ့သဖြင့် ကျန်းမာရေးစစ်ဆေးရာတွင် ကိုယ်အပူချိန် ပုံမှန်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသားအား ပုံပါကျင်မြို့တွင် Facility Quarantine (၁၄)ရက် ထားရှိကာ ကျန်းမာရေး အခြေအနေ စောင့်ကြည့်မှုများပြုလုပ်ပြီး ရောဂါမရှိပါက ၎င်း၏နေအိမ်တွင် Home Quarantine (၇)ရက် ထားရှိမည်ဖြစ်ကြောင်း ပုံပါကျင်ကျန်းမာရေးဌာနမှ သိရသည်။
စန္ဒီ(ပြန်/ဆက်)