ပေါင်းတည်မြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့်လူဦးရေစာရင်း တိကျမှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်

ပေါင်းတည်   နိုဝင်ဘာ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းတိကျမှန်ကန်စေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကပျဉ်းပင်ကန်ရပ်ကွက်နှင့် ဘွဲ့ပင်ကန်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များက ရပ်ရွာအတွင်းရှိ မိဘပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်လိုအပ်သူများ၊ ရပ်ကွက်အတွင်း မိဘပြည်သူများ၏အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်း ပြည်စုံမှန်ကန်စေရေးအတွက် ရပ်ရွာပြည်သူများနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာ၌ ယနေ့တွင် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသူများ၊ လိုအပ်သူများအား နေ့ချင်းပြီးဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် လူဦးရေစာရင်းတိကျမှန်ကန်စွာ စာရင်းရရှိရေးအတွက် အိမ်ထောင်စုဝင် တစ်ဦးချင်းစီ၏အချက်အလက်များအား ပုံစံ ၆၆/၆အိမ်ထောင်စု လူဦးရေစုရင်း(အထစ)သို့ စိစစ်၍ စာရင်းရေးသွင်းခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)