ကျေးသီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းများအား “ယခုဝယ် ယခုတပ်စနစ်” ဖြင့် အသိပညာပေးခြင်း ဆောင်ရွက်

ကျေးသီး  စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ပြည်သူ့ဆေးရုံ ရှေ့ အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် လမ်းဆုံများတွင် ရှောင်တခင်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ ကြီးကြပ်၍ မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်အတွင်း သွားလာနေကြသော ပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား “ယခုဝယ် ယခုတပ်” စနစ်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သဲစုပိုင်(ပြန်/ဆက်)