မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

မိုင်းရှူး   စက်တင်ဘာ   ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အတွင်းပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးတို့က မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်၊ နားစံနှင့် ပန်စွဲကျေးရွာ တို့မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၈၁၇)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေများ လိုက်လံပေးအပ် ခဲ့ကြသည်။

မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းစံမြို့အပါ မြို့ပေါ်ရပ်ကွက်(၇) ရပ်ကွက်နှင့်ကျေးရွာ အုပ်စု (၁၇)အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၄၇၆၈)စုရှိပြီး အဆိုပါ ထောက်ပံ့ငွေ များကို ကျေးရွာများအရောက် လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)