ဂွ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိစုရပ်များတွင် နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။
နိုဝင်ဘာလ(၈)ရက်နေ့က မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းများဆောင်ရွက်ရာတွင် စတုတ္ထအကြိမ်မြောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Myancopharm Booster Doses ကို(၃၄၆)ဦးကလည်းကောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovacကို (၇)ဦးတို့ကလည်းကောင်း အသီးသီးလာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်