ကျောက်ကြီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်

ကျောက်ကြီး နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်  ၈ နာရီအချိန်ခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ မိခင်နှင့်ကလေးကျန်းမာရေးဌာန(MCH)တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းအား မွေးကင်းစအသက် (၂)လမှ စတင်ပြီး (၂)လ (၁)ကြိမ် ပုံမှန်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးများမှာ ကိုယ်ဝန်ဆောင်မိခင် မေးခိုင်ကာကွယ်ဆေး၊ အသက် (၂) နှစ်အောက် ကလေးများအား (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး စသည့် ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

မြို့နယ်ပြန်/ဆက်