အုတ်တွင်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌဦးညီညီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်ငူခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူးဒေါ်စန်းသီတာက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အုတ်တွင်းမြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကော်မတီဝင်ဌာနဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)