မအူပင်မြို့တွင် (၉၆)ကြိမ်မြောက် တန်ဆောင်တိုင်နစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

မအူပင် နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၉၆)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့ ညနေ (၃)နာရီအချိန်မှစတင်၍ ကျင်းပသည်။

မအူပင်မြို့တွင် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၉၆)ကြိမ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓမြတ်စွာဘုရားများ မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်မခံမီ ဘုရား‌ဂေါပကအဖွဲ့ဝင်များနှင့် ဝေယျဝစ္စ အဖွဲ့ဝင်များမှ ငါးပါးသီလခံယူခြင်းများ ပြုလုပ်၍ မြို့တွင်းသို့ (၃)ရက်တိုင်တိုင် လှည့်လည်အပူဇော်ခံသည်။

နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်အား တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့တွင် မအူပင်မြို့ ကမ်းနားလမ်းနှင့် မင်းလမ်းတစ်လျှောက် ကြွချီအပူဇော်ခံမည်ဖြစ်ပြီး၊ လပြည့်ကျော် (၂)ရက်နေ့တွင် တေဇလမ်း၊ အောင်ဇေယျလမ်း၊ ရေလဲလမ်းအင်းမတံတားကြီးအထိ၊ လပြည့်ကျော် (၃)ရက်နေ့တွင် (၃)လမ်းမြို့ရှောင်လမ်းမှ တလုပ်လပ် အရှေ့ဘက်ကမ်းအထိ ကြွရောက်အပူဇော်ခံမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)