အိမ်မဲ နိုဝင်ဘာဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် စာရေးဆရာရနံ့သိုက်၏ သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ (လူငယ်စိတ်ဓာတ်ခွန်အားဖြည့်စာစုများ) စာအုပ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက် ပြီးစာဖတ်ဝိုင်း ကျင်းပရာ မြို့နယ်ဦးစီးအရာရှိ၊ စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သန်းကျော်၊ မြေစာရင်း(အငြိမ်းစား)ဦးစိုးသိန်းနှင့် Book Club အဖွဲ့ဝင်များ၊ စာဖတ်ပရိတ်သတ်များက သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ (လူငယ်စိတ်ဓာတ် ခွန်အားဖြည့်စာစုများ) စာအုပ်မှ သင့်ဘဝက သင့်အလုပ်ပါ၊ ရည်ရွယ်ချက်မှ အောင်မြင်မှုဆီသို့၊ မဖြစ်နိုင်တာသေချာပြီလား၊ အခုပဲစတင်ပါ ခေါင်းစဥ်များဖြင့် အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့သည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် အသိပညာပေး Talk Show များ၊ စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆွေးနွေးပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)