ကလေးမြို့တွင် (၂၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ကလေး နိုဝင်ဘာလ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် (၂၈)ကြိမ်မြောက် တပ်နယ်(ကလေး/ကျီကုန်း)တပ်များမှ စုပေါင်းမဟာဘုံကထိန်ကို နိုဝင်ဘာလ (၇)ရက် နံနက် ၉ နာရီခွဲအချိန်ခန့်က ဒကစ(ကလေး) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ခေတ္တဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ညီညီတင်နှင့်ဇနီး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ တပ်မတော်အရာရှိကြီးများ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ကာ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် ခေတ္တဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ညီညီတင်နှင့်ဇနီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး သံဃာတော်များအား သက်ဆိုင်ရာ တပ်ရင်း/ တပ်ဖွဲ့မှူးများက မိမိတို့၏ ပဒေသာပင်များကို အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြရာ စုပေါင်းမဟာဘုံကထိန်တွင် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၅၄)သိန်းကျော် လှူဒါန်းခဲ့ကြကြောင်းနှင့် ပင့်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)