ဝေါမြို့သမိုင်းဝင်ကြုံတူစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးသူများဖြင့်စည်ကား

ဝေါ နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်ကမ်း၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ သမိုင်းဝင်ကြုံတူစေတီတော်မြတ်ကြီးတွင် နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်းတွင် ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိသည်။

သမိုင်းဝင်ကြုံတူစေတီတော်မြတ်ကြီးနှင့် ရွှေဘုန်းပွင့်စေတီတော်တို့တွင် တန်ဆောင်မုန်းလပြည့်နေ့  နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ရပ်ဝေး/ရပ်နီးမှပြည်သူများက ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် စေတီတော်အား ဆက်ကပ်လှူဒါန်း ပူဇော်ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်ဆက်)