ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပဓာနိကာရာမကျောင်းတိုက်တွင် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်မှစတင်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် စေတနာရှင်အလှူရှင် မိဘပြည်သူများသည် ဟိုင်းကြီးကျွန်းကမ်းခြေတစ်လျှောက်ရှိ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအားဖိတ်ကြား၍ ကထိန်လျာညှပ်သင်္ကန်း၊ အရန်သင်္ကန်း၊ ဆွမ်းနှင့်လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ဘုရားများထံမှ ငါးပါးသီလတော်မြတ်ကိုခံယူဆောက်တည်ပြီး အနုမောဒနာတရားနာကြားကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်