မီးစင်္ကြာနှင့် မီးပုံပျံလွှတ်တင်ရေး ခရိုင်အဆင့် ဌာနဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူး နိုဝင်ဘာ

ပဲခူးတန်ဆောင်တိုင်ပွဲတော်တွင် မီးစင်္ကြာနှင့် မီးပုံပျံ လွှတ်တင်ရေး ခရိုင်အဆင့် ဌာနဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ မီးစင်္ကြာနှင့် မီးပုံပျံလွှတ်တင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်က လိုအပ်သည်များကို ဖြည့်စွတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ မီးစင်္ကြာနှင့် မီးပုံပျံ လွှတ်တင်ရေး ခရိုင်အဆင့် ဌာနဆိုင်ရာ အစည်းအဝေးသို့ ခရိုင်အုပ်ချုပ်ရေးမှုး ဦးအောင်ဇော်လတ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)