စစ်ကိုင်း နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အသင်္ခယာ ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် အခြေခံပညာ ကျောင်းများ၏ ပင်စင်ကိစ္စရပ်များ၊ ခွင့်ကိစ္စရပ်များ၊ လုပ်သက်ဆက်စပ်ခွင့်ကိစ္စများ၊ အမည်/ မွေးသက္ကရာဇ် ပြင်ဆင်ခြင်များ၊ မြေယာနှင့် ဌာနဆိုင်ရာစစ် ဆေးခြင်းများ၊ ရာထူးမှထုတ်ပယ်ခြင်း/ အယူခံဝင်ခြင်း၊ ကျောင်းထွက်လက်မှတ် ပျောက်ဆုံးခြင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းအမည်ြပင်ဆင်ခြင်း၊ ထူးခြားဖြစ်စဉ်(သဘာဝဘေး)များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ တက်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း၊ ခေါင်းဆောင်နှင့် ခေါင်းဆောင် မှု အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီး (၁၁၃)ဦးနှင့် မြင်းမူမြို့နယ်မှ ကျောင်းအုက်ကြီး(၂)ဦး၊ မြောင်မြို့နယ်မှ ကျောင်းအုပ်ကြီး(၁) ဦး၊ စုစုပေါင်း ( ၁၁၆)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာ(၅)ရက်မှ(၆)ရက်နေ့ အထိ(၂)ရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)