ပြည် နိုဝင်ဘာ ၆
ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓမြတ်စွယ်တော် လက်ျာရစ်(၃)ကြိမ်လှည့်လည်အပူဇော်ခံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက စေတီတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဗုဒ္ဓမြတ်စွယ်တော်ကို ဂေါပကအဖွဲ့များ၊ ဝေယျာဝစ္စအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မင်္ဂလာပန်းရထားဖြင့်ပင့်ဆောင်ကာ မင်္ဂလာရွှေကြိုး၊ ငွေကြိုးများဖြင့် စေတီတော်မြတ်ကြီးအား လကျ်ာရစ်(၃)ကြိမ် လှည့်လည်အပူဇော်ခံပွဲကျင်းပခဲ့ရာ စေတီတော်ရင်ပြင်၌ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသူများ၊ လှူဒါန်းမှုအစုစုနှင့် ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
ကိုဆက်