သံတွဲတွင် (၁၀၂)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့(အကြို)နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

သံတွဲ နိုဝင်ဘာ ၄

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပ ပေးလျက် ရှိရာ ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၁၀၂) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် သံတွဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါနံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာများ၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ လက်ကမ်း စာစောင်များနှင့် သုတ၊ ရသစာအုပ် (၃၀၀) ခန့်အား ပြသခဲ့ရာ မိခင်နှင့်ကလေး စောင်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အထက(ခွဲ) မြို့မကျောင်း များမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)