တောင်ကုတ် နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၏(၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာစီတန်းလှည့်လည်ခြင်းကို ယနေ့နံနက်(၇)ရီအချိန်က အဆိုပါကျောင်းရှေ့မှ စတင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လှည့်လည်ရာတွင် တန်းခွဲအလိုက်ပဒေသာပင် (၃၅)ခုကို ကျောင်းသားများကလည်းကောင်း၊ အရံကထိန်သင်္ကန်း (၃၅၀)စုံနှင့်အလှူဝတ္တုများကိုဆရာ၊ ဆရာမများနှင့်ကျောင်းသူများကလည်းကောင်း ကိုင်ဆောင်၍ ရခိုင်စည်တော်အပါအဝင် အတီးအမှုတ်အက အခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြရာ လမ်းတစ်လျှောက်ရှိ ကထိန်လှည့်လည်ပွဲ ကြည့်ရှုသူများဖြင့် အထူးစည်ကားခဲ့သည်။
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ စုပေါင်းမဟာဘုံကထိန်ကို သိမ်တောင်ရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်ရှိ ပုရိမဝါမှထမမြောက်ကြသည့် ရဟန်းသံဃာတော်များနှင့် ပင့်သံဃာများအား ကပ်လှူပူဇော်မည်ဖြစ်ပြီး စုစုပေါင်းအလှူငွေတန်ဖိုးမှာ ကျပ် (၁၈၅)သိန်းရှိကြောင်း ကျောင်း အုပ်ဆရာကြီး ဦးမွှေးလှဖြူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)