ငွေဆောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူလေးများ၏ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ငွေဆောင် နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် အ.ထ.ကငွေဆောင်နှင့် အ.မ.က ၂၀၆ ကျောက်ကြီးတို့ ပူးပေါင်း၍ ပြုလုပ်ကျင်းပသော စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာကျောင်းအုပ်ဆရာကြီးဦးပိုင်ဖြိုးအောင် ဦးဆောင်သော အ.မ.က ၂၀၁ ကျောက်ကြီးမှ ကျောင်းသား၊ ကျောင်းသူလေးများ အဖွဲ့သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေမီသိန်း ဦးဆောင်သော အ.ထ.က ငွေဆောင်အဖွဲ့နှင့် ပူးပေါင်း၍ စုပေါင်းမဟာပဒေသာပင်များနှင့် ငွေဆောင်မြို့၊ မြို့ပတ် လမ်းမကြီးတစ်လျှောက် စီတန်းလှည့်လည်ကြသည်။ ထိုသို့လှည့်လည်ရာ တွင် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပဒေသာပင်တင်ဆောင်သော ကားများ၊ အတီးအမှုတ်အကအခုန်အဖွဲ့များနှင့် ဘေးမှလိုက်လံ အားပေးကြသော ပရိတ်သတ်များနှင့် စည်ကားစွာ လှည့်လည်ခဲ့ကြသည်။ စုပေါင်းမဟာ ပဒေသာပင်များကို ငွေဆောင်မြို့၊ အမှတ် ရပ်ကွက်၊ ကျောက်ကြီးကွက်သစ်ရှိ သာသနရံသီကျောင်းတိုက်သို့ ပို့ဆောင်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် လာရောက် ကြသော ဧည့်ပရိတ်သတ်များကို မုန့်ဟင်းခါးဧည့်ခံကျွေးမွေးခဲ့ကြသည်။ ထို့နောက်မြို့အုပ်ချုပ် ရေးမှူး ဦးသိန်းဇော် အပါအဝင်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများသည် သာသနရံသီ ကျောင်းတိုက်ဆရာတော် ဥူးဉာဏဝေရထံမှ တရားနာယူခဲ့ကြပြီး ကထိန်သင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြသည်။          

ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းလှူဒါန်းခဲ့သည့် လှူဖွယ်ဝတ္ထု ပစ္စည်းများ အပါအဝင် ငွေပဒေသာပင်များအား သာသနရံသီကျောင်းတိုက်သို့ လှူဒါန်းခြင်းဖြင့် စုပေါင်း ကျောင်းဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး(ပြန်/ဆက်)