နတ်တလင်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

နတ်တလင်း  နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် လူထုစိန်ဝင်း၏ လူငယ်တွေကိုယုံပါ စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများစုစည်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်/ ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်/ ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်က စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာအုပ်စာပေမှ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများကို ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Youth Clubအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြသည်။

မြို့နယ်ပြန်/ ဆက်ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်စာစောင်မျိုးစုံတို့ကို စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအား အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ထားထားဦး (ပြန်/ ဆက်)