ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ) ဆရာ၊ ဆရာမများ‌၊ ကျောင်းသား၊ ကျောင်းသူများမှ မဟာဘုံကထိန်သင်္ကန်းနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်း

ရွှေသောင်ယံ နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က (ရွှေသောင်ယံ)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက် အသော ကာရာမ ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ကထိန်းသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါး သီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်များထံမှ ဩဝါဒခံယူခြင်း၊ လှူဖွယ်ဝတ္ထုအစုစု တို့အား ရေစက်ချအမျှပေးဝေခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

သို့ရာတွင် အ-ထ-က (ရွှေသောင်ယံ)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့ ကျောင်းမှနေ၍ ဘုန်းတော်ကြီးကျောင်းတိုက်အထိ လမ်းလျှောက်ကာ ပဒေသာပင် လှည့်လည်သွား ရောက်၍ ကျောင်းတိုက်ရှိ ဆရာ‌တော်၊ သံဃာ‌တော်များထံမှ ငါးပါးသီလခံယူပြီး ကထိန်လျှာသင်္ကန်းနှင့် နဝကမ္မပဒေသာပင်အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်များထံမှ ကထိန်လျှာသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းအကျိုးနှင့် ပတ်သက်၍ ဩဝါဒခံယူကာ လှူဖွယ်ဝတ္ထုအစုစုတို့အား ရေစက်ချအမျှပေးဝေခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)