ကျိန္တလီ နိုဝင်ဘာ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုသိရှိစေရန် အလုပ်ခေါ်ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ပြသခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ဘွဲ့ရရှိပြီး လုပ်ငန်းခွင်သို့ဝင်ရောက်ရန် စောင့်နေသူများနှင့် တက္ကသိုလ်ဝန်တန်းအောင်မြင်ပြီး လုပ်ငန်းခွင်ဝင်ရောက်လိုသူများကို အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍ ကြော်ငြာစာများကို တစ်လလျှင်(၂)ကြိမ် ကြောငြာစာများ ပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းလေးက ရှင်းလင်းပြောကြားခဲ့ရာ ပြည်သူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျိန္တလီ