ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (ဆုံစည်းရာ) စာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပြည် နိုဝင်ဘာ ၃

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့(ဆုံစည်းရာ) စာဖတ်ဝိုင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ ခရိုင်ပြန်/ ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉နာရီခွဲက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင်‌ ဦးစွာ ပြည်မြို့နယ်စာရေးဆရာအသင်းနှင့် ဆုံစည်းရာစာဖတ်ဝိုင်း (Book Club) အဖွဲ့၏ နာယကဆရာကြီးများက စာဖတ်ဝိုင်းရေရှည်တံ့ရေး ဆွေးနွေးပြောကြားပြီး၊ စာရေးဆရာ ဦးသိန်းဝင်း၊ အောင်(ဓာတု)၊ မောင်စိမ်းလန်း (ပြည်)တို့က ၎င်းတို့၏ စာပေအတွေ့အကြုံနှင့် လေ့လာဖတ်ရှုခဲ့သော စာအုပ်စာပေများအကြောင်းကို ဆွေးနွေး​ခဲ့ကြပြီး တက်ရောက်လာသော ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့မှ စာရေးဆရာ/ ကဗျာဆရာများနှင့် စာပေဝါသနာရှင်များက ၎င်းတို့ဖတ်မှတ်ခဲ့သော ကြိုက်နှစ်သက်ရာ သုတ/ ရသစာပေအကြောင်း အရာများကို အပြန်အလှန်နှီးနှောဖလှယ်ဆွေးနွေးခဲ့ကြသည်။

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ ဆုံစည်းရာစာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ပူး‌ပေါင်း၍ ခရိုင်ပြန်/ ဆက်ရုံး လူထုအခြေပြုဗဟိုဌာန၌ လစဉ်သုတ/ ရသစာပေရေးရာများ ဆွေးနွေးသည့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

ကိုစိုး(ပြည်)