တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ဖြစ်ထွန်း

တောင်တွင်းကြီး နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများမှ လယ်ယာစိုက် ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင် ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက (၉၇၉၇၅)ဧက စိုက်ပျိုးထားရှိခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မိုးစပါးမျိုးများဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ဧရာပဒေသာ၊ ရတနာတိုး စပါးမျိုးများကို အစိုးရဆည်ငယ်ကန်ငယ်များဖြစ်သည့် ငမင်ရေလှောင်တမံ ဆည်ရေ သောက်ဧရိယာ (၁၉၈၄)ဧက၊ ကန်တော်ကြီးကန်ဆည်ရေသောက်ဧရိယာ(၁၂၉၄) ဧက၊ ယင်းမ လည်ရေလွှဲဆည် ရေသောက်ဧရိယာ(၃၇၂)ဧက၊ ကင်ပွန်းတောင်ရေလှောင်တမံ(၃၇၀၅)ဧက၊ ဘန်းကုန်းရေလှောင်တမံ (၂၂၇၇)ဧက၊ ရန်ပယ်ရေလှောင်တမံ(၃၇၄၄)ဧက၊ ကျောက်မိချောင်း ရေလွှဲဆည်(၁၁၈၄)ဧက၊ ဆည်ငယ်ကန်ငယ်သောက်ဧရိယာ(၁၂၈၄၀) ဧက၊ ရေစုတ်စက် (၆၁၅) ဧက၊ မြေအောက်ရေ(၁၀၂၇)ဧက၊ မိုးရေ သောက် (၆၉၀၃၃)ဧက စုစုပေါင်း (၉၇၉၇၅) ဧကစိုက် ပျိုးနိုင်ခဲ့ပြီး နိုဝင်ဘာလအတွင်း စတင်ရိတ်သိမ်း‌တော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုး‌အေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)