ပခုက္ကူ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်ကပခုက္ကူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပခုက္ကူခရိုင် ပညာရေးမှူး ဦးသောင်းနိုင်က အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများအနေဖြင့် စီမံ၊ ဘဏ္ဍာ၊ ပညာရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးဆွေးနွေးပွဲအား ပြုလုပ်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ၂ ရက်ကြာပြုသွားမည်ဖြစ်ပြီး ပခုက္ကူခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးကဦးဆောင်ကာ သင်တန်းနည်းပြ(၃)ဦးတို့က စီမံ၊ ဘဏ္ဍာ၊ ပညာဘာသာရပ်များအား ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး(၁၈၀)ဦးတို့ဖြင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဘာမီသာ(ပခုက္ကူ)