ရေတာရှည်မြို့နယ်၌ အ​ထွေ​ထွေရွေး​ကောက်ပွဲကျင်းပနိုင်ရေးအတွက် လျာထားမဲရုံအ​ရေအတွက်နှင့် မဲရုံတည်​နေရာအချက်အလက်များ ညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ရေတာရှည် ​နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကျင်းပနိုင်​ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့် လျာထားမဲရုံအ​ရေအတွက်နှင့် မဲရုံတည်​နေရာ အချက်အလက်များ ညှိနှိုင်းအစည်းအ​ဝေးပွဲကို မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ​ ရေတာရှည်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူးက အမှာစကား​ပြောကြားခဲ့ပြီး ခရိုင်​ရွေး​ကောက်ပွဲအရာရှိက မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ဖွင့်လှစ်ထားရှိမည့် လျာထားမဲရုံများနှင့် မဲရုံတည်​နေရာကိစ္စများ ရှင်းလင်းခြင်း၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက လူဦး​ရေစာရင်းများမှန်ကန်​စေ​ရေးနှင့် ဆန္ဒမဲ​ပေးပိုင်ခွင့်ရရှိ​စေ​ရေးအတွက် ၆၆/၆ ရရှိရေး၊ နိုင်ငံသားစီစစ်​ရေးကတ်ရရှိ​ရေး ဥပ​ဒေနှင့်အညီ စီစစ်​ဆောင်ရွက်​​ပေးနေမှုများအား ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် တက်​ရောက်လာကြ​သော ရပ်ကွက်/​ကျေးရွာအုပ်စု တာဝန်ရှိသူများက မိမိတို့ရပ်ကွက်​/ ကျေးရွာအုပ်စု များ အတွင်း လျာထားမဲရုံများနှင့် မဲရုံတည်​နေရာတို့အား တင်ပြ​ဆွေး​နွေးခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပြန်လည်​ဆွေး​​​နွေး​ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ယင်း​နောက် ​ရေတာရှည်မြို့နယ်အတွင်း ရပ်ကွက်(၁၇)ကျေးရွာအုပ်စု၊ (၄၈)အုပ်စုတွင် လျာထားမဲရုံ (၁၄၇)ရုံ သတ်မှတ်ခဲ့ပြီး မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အရာရှိမှ နိဂုံးချုပ်အမှာစကား​ပြောကြားပြီး အစည်းအ​ဝေးကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)