မြို့သစ် နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအတွက် မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ မြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ မြို့မစျေးအနီး၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက် ၇ နာရီက အခြေခံစားကုန် (ဆန်)များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူကာ အခြေခံစားကုန်ဖြစ်သည့်(ဆန်)ကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းဖြစ်သည့် ဆန်တစ်ပြည် (၁၅၀၀) တစ်ထောင် ငါးရာကျပ်ဖြင့် ဆန်အိတ်အလုံး (၂၀၀)အား လူတစ်ဦးလျှင် (၆)ပြည်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)