နတ်မောက် နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ကျေးလက်နေပြည်သူများမှ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက (၂၁၇၃၆)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရာတွင် မိုးစပါးမျိုးများဖြစ်သည့် မနောသုခ၊ စင်းသုခ၊ ဧရာမင်း၊ ရတနာတိုး စပါးမျိုးများကို အစိုးရဆည်ငယ်ကန်ငယ်များဖြစ်သည့် နတ်မောက်ရေလှောင်တမံ ဆည်ရေသောက် ဧရိယာ(၅၄၉)ဧက၊ ကျောက်တံခါးဆည်ရေသောက်ဧရိယာ(၂၀၀၀)ဧက၊ ပင်းကန်ရေသောက်ဧရိယာ (၄၀၈)၊ ဆည်ငယ် ကန်ငယ်သောက်ဧရိယာ ( ၂၀၂၅)၊ မိုးရေသောက် (၁၆၇၅၄)ဧက စုစုပေါင်း (၂၁၇၃၆) စိုက်ပျိုးနိုင်ခဲ့သည်။
အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် မိုးစပါးများကို ဇူလိုင်ပထမပတ်တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလ၌ ရိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။
မူမူစန်း