ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်

ရှားတော စက်တင်ဘာ ၁၈

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက်()နာရီ အချိန်က ဈေးပိုင်းရပ်ကွက်မင်္ဂလာဓမ္မရုံ တွင် ဆောင်ရွက်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဒေသခံတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် လူမှုရေးအသင်းဖွဲ့များ စုပေါင်း၍ ဈေးပိုင်း ရပ်ကွက် မင်္ဂလာဓမ္မရုံ ဧရိယာနှင့် ပတ်ဝန်း ကျင်ရှိ ပေါင်းမြက်များ၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းကို နံနက်()နာရီမှ ()နာရီ အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထွန်းအောင်(ပြန်/ဆက်)