ကန်ကြီးထောင့်မြို့၊ ဒါးကဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွတ်

ကန်ကြီးထောင့် အောက်တိုဘာလ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် ဈေးများမီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင် သရုပ်ပြခြင်းအား  ကန်ကြီးထောင့်မြို့၊ ဒါးကဈေးတွင်  ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ဈေးများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက် လေ့ကျင်သရုပ်ပြခြင်းဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့တို့၏ လမ်းညွှန်မှုကိုခံယူ၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များ၊ ဈေးသူ/သားများတက်ရောက်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးမှ မီးလောင်မှုဖြစ်ပွားနိုင်သည့်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် မီးသတ်ဆေးဘူးသုံးစွဲပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြခြင်း၊ ဈေးသူ/သားများမှ လက်တွေ့ ဆောင်ရွက်ခြင်း၊ ဒါးက မီးသတ်ယာဉ် (၂) စီး၊ စည်ပင်သာယာ ရေး အဖွဲ့ပိုင် ရေသယ်ယာဉ်တို့ဖြင့် မီးငြှိမ်းသတ်သရုပ်ပြခြင်း၊  မီးငြှိမ်းသတ်ခြင်းနှင့် မီးလောင်ပြင်တွင် ထိခိုက်ဒါဏ်ရာရသူအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရှေးဦးသူနာပြုစုခြင်း ကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြဆောင်ရွက်ကြကြောင်း မြို့နယ် စည်/ပင် ဌာနက တာဝန်ရှိသူထံကသိရသည်။

မဇင် (ပြန်/ဆက်)