ညောင်တုန်းမြို့နယ်တွင် လေဘေးသင့် နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများကွင်းဆင်းထောက်ပံ့

ညောင်တုန်း အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စုဝင်များအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ခဲ့သည့် ရန်ကင်းစံရာကျေးရွာအုပ်စု၊ သပြုဆိပ်ကျေးရွာနှင့် ဆင်ထုံးကျေးရွာ အုပ်စု၊ ငွေသောင်ယံကျေးရွာတို့၌  လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၆) လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေကျပ်(၆၀၉၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေကျပ်(၆၀၀၀၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၆) ပုံးနှင့် ကလေးကျောင်းဝတ်စုံ (၁၂)စုံတို့အား လေးဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့‌ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)