ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် အခြေခံပညာဦးစီဌာန၏ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ၏ စီမံမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဒေါက်တာစုစုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေး၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်းစသည့် လုပ်ငန်းရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပို့ချသွားမည်ဖြစ်ရာ သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲကို နည်းပြအဖြစ် မြို့နယ်ပညာရေးမှူးဒေါ်သီတာမင်းက သင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူ ကျောင်းအုပ် ဆရာ၊ ဆရာမ (၁၃)ကျောင်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)