လမ်းမတော်မြို့နယ်၌ ပြည်သူများ စာပေပိုမိုဖတ်ရှုနိုင်စေရန်၊ ပြည်သူများ လက်ဝယ်အရောက် စာအုပ်များ ငှားရမ်း

ရန်ကုန် အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမ‌တော်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အ.မ.က(၅)ကျောင်းသို့ သွား ရောက်ငှားရမ်းပေးခဲ့သည်။

စာအုပ်များ ငှာရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်‌၊ ကျောက်တံတားခရိုင်၊ လမ်းမ‌တော်ရုံးရှိ ဝန်ထမ်းများက ဗဟုသုတ ရရှိစေမည့် စာအုပ်များကို ငှားရမ်းပေးပြီး ယခင်ငှားရမ်းထားသည့် စာအုပ်များအား ပြန်လည်သိမ်းဆည်း စာရင်းသွင်းခြင်းနှင့် စာအုပ်များအသစ်ပြန်လည် ငှာရမ်း ပေးခဲ့သည်။ လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျစနစ်ဖြင့်  သွားရောက် ငှားရမ်းပေးလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအတွက် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကို Online မှ တစ်ဆင့် ထုတ်လွှင့်တင် ဆက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ကျော်ဆန်းမြင့်