ဇေယျာသီရိ အောက်တိုဘာလ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ရတနာစံကျောင်းတိုက်၊ ရတနာဘိမတိဗိမာန်တော်၌ ပထမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိစိတ္တသာရ၊ မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စည်ပင်ရွာဦးကျောင်းတိုက် ပဓာနနာယက၊ ဘဒ္ဒန္တ ဣန္ဒာစက္ကနှင့် ပင့်သံဃာတော်များ၊ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးမြင့်စိုးနှင့် ဦးကျော်သိန်းဆိုင်၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် စည်ပင်ရွာဦးကျောင်းတိုက် ပဓာနနာယက၊ ဘဒ္ဒန္တဣန္ဒာစက္က မထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်များထံမှ ဧည့်ပရိသတ်များက ရတနသုတ်၊ မေတ္တာသုတ်၊ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ဘဒ္ဒန္တဣန္ဒာစက္က မထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက် သွန်းလောင်း အမျှပေးဝေခြင်း၊ နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်းများပြုလုပ်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၂၄နေ့မှ အောက်တို ဘာလ ၂၈ ရက်နေ့ထိရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)