ဝေါ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ကြုံတူဘုရားမုဒ်ဝ ရှေ့မင်းလမ်းမဘေးတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များတက်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေးဆောင်ရွက် ခဲ့သည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်း ၊ဦးဆောင်လမ်းညွှန်မှုဖြင့် အဖွဲ့ (၄) ခေါင်းဆောင် ဦးဟန်ညီညီ (စက်မှုလယ်ယာ၊ ဦးစီးအရာရှိ) နှင့် တာဝန်ရှိသူများက ပြင်ပသို့ သွားလာကြသော ပြည်သူများနှင့် မော်တော်ယာဉ်များ ပေါ်တွင်လိုက်ပါလာသူများအား နေအိမ်ပြင်ပသို့သွားလာပါက နှာခေါင်းစည်း (Mask) များကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုမကြာခနဆေးကြောရန်၊ ဟောင်းနွမ်း (Mask) များကို မတပ်ဆင်ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြောကြားပြီး နှာခေါင်းစည်း (Mask) များ စစ်ဆေးခြင်းဖြင့် နှာခေါင်းစည်း (Mask) မတပ်လာသူများအား နှာခေါင်းစည်း (Mask) တပ်၍ အိမ်ပြင်ထွက်ရန် ပညာပေးစကားပြောကြားပြီး နှာခေါင်းစည်း (Mask) မပါလာသူများကို (Mask) တပ်ပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် လူစည်ကားရာ နေရာများတွင် အဖွဲ့ (၁၃) ဖွဲ့ခွဲ၍ နေ့စဥ် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)