အမ်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

အမ်း အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေးအတွက် အသိပညာပေးခြင်းကို ယနေ့ နံနက်(၇) နာရီအချိန်က အောက်ရွာကျေးရွာအုပ်စု အမ်း-တောင်ကုတ်- စစ်တွေ လမ်းဆုံမော်ဆီဆိုင်အနီးတွင်ဆောင်ရွက်ခဲ့​သည်။

ထိုသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ အမ်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့(စိတ်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်များ၊ ကုန်တင်မော်တော်ယာဉ်များ၊ အိမ်စီး မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေးအတွက် မောင်းနှင်လိုက်ပါသည့် ပြည်သူများအား ခါးပတ်တပ်ဆင်ခြင်း၊ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာ စောင်မျာဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အမ်းမြို့နယ်အတွင်း  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊  ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)