ဇလွန် အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ် လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်းက သင်တန်းကာလတွင် လေ့ကျင့် သင်ကြားပေးလိုက်သော ဘာသာရပ်များကို ပြည်သူများကြားတွင် ယုံကြည်အားကိုးလောက်သော မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ကျေးရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန် သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသားများအား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဥ် (၁/၂၀၂၂) ကို (၃.၁၀.၂၀၂၂) ရက်နေ့မှ (၂၈.၁၀.၂၀၂၂)ရက်နေ့အထိ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)