ငါးသိုင်းချောင်းမြို့ မြစ်ဆယ်ကျေးရွာအုပ်စု၌ နေကြားသီးသန့်၊ သီးညှပ်စိုက်ပျိုးရေး ဆွေးနွေးခြင်းနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ငါးသိုင်းချောင်း အောက်တိုဘာ ၂၈

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့  မြို့အုပ်ချုပ်ရေးမှူး ဉီးရဲထက်အောင် ဉီးဆောင်သည့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည်  နေကြာသီးနှံ လျာထားချက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးရေးအတွက် မြစ်ဆယ်ကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံနေကြာကို သီးသန့်၊ သီးညှပ်စိုက်ပျိုးကြပါရန် တိုက်တွန်းခြင်းနှင့် စိုက်ပျိုးနည်းစနစ်များ၊ ပိုးမွှားအန္တရာယ် ကာကွယ်ရေးနည်းလမ်းများကို စိုက်ပျိုးရေးဉီးစီးဌာန ဉီးစီးမှူး ဒေါ်အေးအေးကျော်က ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)