ဖြူး အောက်တိုဘာ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဖြူး)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီ၌ အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူတက်ရောက် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ထွေးရီက သင်တန်းဆိုင်ရာ အချက်အလက်များ၊ သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များနှင့် ထောက်ပံ့ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)သင်တန်းတွင် အထည်မျိုးစုံ ချုပ်လုပ်နည်းများ၊ ဇာထိုးပန်းထိုးပညာများ၊ မုန့်မျိုးစုံလုပ်နည်း များကို အမျိုးသမီးငယ်များ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာအနေဖြင့် တတ်မြောက်၍ ကိုယ်ပိုင်လုပ်ငန်းနှင့် မိသားစုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ သင်တန်းကာလ (၂၅-၁၀-၂၀၂၂) ရက်နေ့မှ စတင်ကာ ရက်သတ္တ(၁၈)ပါတ်ကြာ သင်တန်းသူ (၃၅) ဦးအား သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)