သံတွဲမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

သံတွဲ အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ခရိုင်မီးသတ်ဦးစီးမှူး (တာဝန်) ဦးစီးအရာရှိ ဦးနေလင်းကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းကာလမှာအောက်တိုဘာ ၂၅ရက်မှ နိုဝင်ဘာ ၄ ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သံတွဲခရိုင်အတွင်းရှိ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ စိတ်ပါဝင်စားသည့် လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသား (၂၅) ဦးတက်ရောက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော်ထံမှ သိရသည်။

ခရိုင်ပြန်/ဆက်