ရွှေသောင်ယံ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့တွင် ရခိုင်ပြည်နယ်မှပြန်လာသူလေးဦးနှင့် အတူနေမိသား စုဝင် လေးဦးတို့အား Facility Quarantine ထားရှိခဲ့ပြီး Home Quarantine ဆက်လက်ဝင်ရောက် နေထိုင်စေရာ ယနေ့နံနက်ပိုင်းတွင် Quarantine ရက်များပြည့်မြောက်ကာ မိသားစုများမှာလည်း ကျန်းမာရေး ကောင်းမွန်သည့်အတွက် ၎င်းတို့မိသားစုအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လွတ်လပ်စွာနေထိုင်သွားလာခွင့်ပြုခဲ့ကြောင်းသိရသည်။
ထိုသို့ကျန်းမာရေးနှင့်အညီ နေထိုင်သွားလာခွင့်ပြုရာတွင် ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဆရာမများမှ သွားရောက်ကြည့်ရှုကာ Quarantine ရက်ပြည့်ပြီ ဆိုသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါများ ပြန့်ပွားနေသည့်ကာလအတွင်း မလိုအပ်ဘဲ အိမ်ပြင်သို့မထွက်ကြရန်၊ အရေးကြီးလိုအပ်ပါက Mask တပ်ပြီးမှအပြင်ထွက်ကြရန်၊ လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာ ဆေးကြောရန်၊ လူစုလူဝေးများကို ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင် စားသောက်ကြ ရန်တို့ကိုမှာကြားပြီး Mask များကိုလည်း ဝေငှပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)