ကန့်ဘလူ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံဧက ၅၅၄၁၈ ဧက စိုက်ပျိုးပြီးစီးပြီးနေပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံလျာထားဧက ၉၀၀၂၇ ဧကကို စက်တင်ဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ အောက်တိုဘာ ၁၅ ရက်နေ့အထိ ၅၅၄၁၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့ဌာနအနေနဲ့ ဒေသခံတောင်သူလယ်သမားများ လူနေမှုဘဝတိုးတက်မြင့်မားရေး၊ စိုက်ပျိုးရေးဗဟုသုတများရရှိပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့အတွက် တောင်သူပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဒေသခံတောင်သူများနဲ့ပူးပေါင်းပြီး ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ် စနစ်တကျစောင့်ကြည့်ဆောင်ရွက်ခြင်း၊ ရာသီဥတုရေမြေနဲ့ကိုက်ညီတဲ့ အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲစိုက်ပျိုးနိုင်ရေး၊ နည်းပညာပံ့ပိုးပေးနိုင်ရေး၊ နည်းစနစ်များဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။
ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံပဲမျိုးစုံ လျာထားစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်းလျာထားဧက ၂၂၄၁၄ တွင် စိုက်ပျိုးပြီးစီးမှုဧက ၁၁၂၁၄ ၊မတ်ပဲလျာထားဧက ၃၂၅၃၂ တွင် စိုက်ပျိုးပြီးစီးမှုဧက ၃၁၂၂၂ ၊ ပဲလွှမ်းလျာထားဧက ၂၃၈၃ တွင် စိုက်ပျိုးပြီးစီးမှုဧက ၅၂ ဧက၊ စွန်တာပြာလျာထားဧက. ၇၂၉၃ တွင်စိုက်ပျိုးပြီးစီး မှုဧက ၇၂၁၉၊ စွန်တာနီလျာထားဧက ၁၃၉၃ တွင်စိုက်ပျိုးပြီးစီးမှုဧက ၁၃၉၃ ဧက၊ ထောပတ်ပဲလျားထားဧက ၃၇၈၇ တွင်စိုက်ပျိုးပြီးစီးမှုဧက ၃၇၉၇ ဧက၊ အခြားပဲလျာထားဧက ၃၀၃၂ တွင်စိုက်ပျိုးပြီးစီးမှုဧက ၅၂၁၊ ကုလားပဲလျာထားဧက ၆၈၄၇ နှင့်စားတော်ပဲလျာထားဧက ၁၀၄၀၀ စသည်တို့ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)