သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေး ကျင်းပ

သာပေါင်း အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယမန်နေ့လည် ၁၁ နာရီခွဲ အချိန်က ပြည်အေးခန်းမ၌ ကျင်းပကြသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က မျိုးနေကြာရရှိ ဖြန့်ဝေ လက်ကျန်စာရင်းများတင်ပြ၍ နေကြာစိုက်ပျိုးမည့် တောင်သူများသို့ ဆက်လက်ဖြန့်ဝေနိုင်‌ရေးတို့အတွက် စိုက်ပျိုးမည့်တောင်သူများ၏ ကျေးရွာများအရောက် ကွင်းဆင်းအဖွဲ့များက ကွင်းဆင်းစည်းရုံးဟောပြောအသိပညာပေး ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)