ကြို့ပင်ကောက် အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းကော်မတီ၏ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆောင်းသီးနှံနေကြာ ၃၆၄၁ ဧက ပြည့်မှီအောင်စိုက်ပျိုးသွားနိုင်ရေး၊ သုံးသီးစိုက် နွေစပါး ၇၅၆၃ ဧကစိုက်ပျိုးသွားနိုင်ရေး၊ ပိုက်ဆံလျော်စိုက်ပျိုးပြီး လယ်မြေများ အရည်အသွေးမြှင့်တင်သွားနိုင်ရေး၊ ဝါးလက်မှုလုပ်ငန်းများ ပန်းပုလုပ်ငန်းများတိုးတက်လာစေရေ၊ ဒေသထွက်ကုန်များ အဆင့်အတန်းမြှင့်ထုတ်လုပ်နိုင်ရေး၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားနိုင်ရေး၊ မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန်အလှူပွဲ ကျင်းပသွားနိုင်ရေးတို့အား ဦးဆောင်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)