ရွှေသောင်ယံမြို့၌ စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေးများ လိုက်လံစစ်ဆေး

ရွှေသောင်ယံ အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ အထကရွှေသောင်ယံ၊ အ-ထ-က အုန်းချောင်းစာသင်ကျောင်းများ၌ ယမန်နေ့ နေ့လယ်ပိုင်းက ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများမှ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစာသင်ကျောင်းများ၌ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့သည်၊ ကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍ လျှပ်စစ်မီးသုံးစွဲမှုများအား စနစ်တကျ သုံးစွဲရန်မှာကြားခြင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးသုံးစွဲရာတွင် ပေါ့ဆမှုမဖြစ်စေရန် မှာကြားခြင်းတို့ဖြင့် ကျောင်းအခန်းအတွင်း၊ အပြင်ရှိ မီးသုံးစွဲမှု အခြေအနေများကို သေသေချာချာ လေ့လာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးရာတွင် ရွှေသောင်ယံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်နှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရွှေသောင်ယံမြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊‌ ရွှေသောင်ယံမြို့ လျှပ်အင်ဂျင်နီယာမှူး၊‌ ရွှေသောင်ယံ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)