အိမ်မဲ အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက သက်ဆိုင်ရာဌာနရုံး အသီးသီးတွင် လုံခြုံရေးကို အထူးဂရုစိုက်ကြရန်၊ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သောကြောင့် ကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးကြရန်နှင့်မီးရေး၊ ထင်းရေး သေချာစွာ ဂရုစိုက်ကြရန်၊ ဌာနဆိုင်ရာရုံးများတွင် ညတိုင်းညဂျူတီထားရှိရန်၊ ထွေ/အုပ်၊ လ.ဝ.က၊ ကော်မရှင်တို့မှ ဆောင်ရွက်နေသော မဲစာရင်းကိစ္စများ တိုးတက်အောင် ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာရုံးများတွင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ အပတ်စဥ် စနေနေ့တွင် ပြည်သူလူထု ပါဝင်သော စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ပလတ်စတစ် မသုံးစွဲရသောနေအဖြင့် ဌာနဆိုင်ရာများပါ ပူးပေါင်းဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း ယာဥ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ကြရန်နှင့် (၁၄၄) အမိန့်ထုတ်ထားသည့် အချိန်ကာလအတွင်း အပြင်မထွက်ကြရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျန်းမာရေးဌာနအနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မှုလုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ)