စလင်း အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေး လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြား ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းများအား စနစ်တကျ ရေးဆွဲချမှတ်၍ စာရင်းဇယာများဖြင့် ပြုစုလုပ်ဆောင် ထားကြရန်နှင့် ဌာနဆိုင်ရာများ အလိုက် ဆည်မြောင်းဌာန၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လျှပ်စစ်၊ ကျန်းမာရေး၊ ပညာရေး ဌာနများအား မိမိတို့ဌာနများမှ ဆောင်ရွက်ထားရှိမှု အခြေအနေ လုပ်ငန်းများကို စနစ်တကျ တင်ပြကြရန် မှာကြားခဲ့ပြီး ဆည်မြောင်းဌာန အနေဖြင့် မိုးရာသီကာလ ရေပေးဝေမှု အခြေ အနေများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား ဆောင်ရွက်ပြီးစီးမှု၊ လျှပ်စစ်ဌာန အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများအား လျှပ်စစ်မီး ပေးဝေဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ဝါ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ၊ စပါးစိုက်ပျိုး ပြီးစီးမှုနှင့် သီးထပ်၊ သီးညှပ် စိုက်ပျိုးထားရှိမှု ဧကများ၊ ကျန်ရှိသည့် ဌာနဆိုင်ရာများမှ လစဉ်ဆောင်ရွက်မှုများကို ပြည့်စုံစွာ တင်ပြကြရန် ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက် ပြီးစီးမှုများအား ပူးပေါင်းဆောင် ရွက်ရမည့် ကိစ္စရပ်များနှင့် ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်မှု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုများနှင့် စည်ပင်သာယာ ပြည်သူ့ ပန်းခြံအတွင်း ဆောက်လုပ်မည့် မြို့တော်ခန်းမ ဆောက်လုပ်မည့် အခြေအနေများ၊ ဌာနဆိုင်ရာများ၏ ဆောင်ရွက် ပြီးစီးမှုများကို ဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် မြို့နယ် ရဲတပ်ဖွဲ့မှူး ကျော်ခိုင်စိုးက ရပ်ရွာ အေးချမ်းသာယာရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လုံခြုံမှုရှိစေရန် ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)